Junction Square ရဲ့ 3D ရုပ်ရှင်ရုံ ဖွင့်ပွဲ ကျင်းပ
အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၁၊ မျက်နှာဖုံး မှ
အသစ် ဖွင့်လှစ်လိုက်တဲ့ Junction Square Shopping Center ကြီးမှာ ပါဝင်မယ့် 3D ရုပ်ရှင်ရုံသစ် ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၄ ရက်နေ့ ညနေ ၆ နာရီ အချိန်က ရန်ကုန်မြို့၊ ကျွန်းတောလမ်းနဲ့ ပြည်လမ်းထောင့်ရှိ Junction Square Shopping Center တတိယထပ်မှာ ရှိတဲ့ 3D ရုပ်ရှင်ရုံသစ်ရှေ့မှာ ကျင်းပခဲ့ပါတယ်။
ဖွင့်ပွဲ အခမ်းအနားမှာ နိုနိုကေ၊ ဂျူးဂျူးကေ ညီအစ်မနဲ့ ဖခင်တို့ရဲ့ Tri Angle တယောအဖွဲ့ တီးခတ်မှုနဲ့ ဖျော်ဖြေ တင်ဆက်ပေးခဲ့သလို မော်ဒယ်လ်များရဲ့ ဖက်ရှင်များနဲ့လည်း ကြိုဆိုခဲ့ကြပါတယ်။ အခမ်းအနား ဖွင့်လှစ်တဲ့ အစီအစဉ်မှာ မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်၊ သရုပ်ဆောင် အကယ်ဒမီ လူမင်း၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ Square Development Ltd. မှ MD ဒေါက်တာ ဒေါ်စန္ဒာထွန်း၊ သိန်းကျော်ကျော် ကုမ္ပဏီရဲ့ ဒါရိုက်တာ ဒေါ်သူဇာမိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဖဲကြိုးဖြတ် ဖွင့်လှစ်လို့အပြီးမှာ သိန်းကျော်ကျော် ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်သူဇာမိုးမှ အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြားပေးပါတယ်။ 3D ရုပ်ရှင်ရုံကို ဖွင့်လှစ်ရခြင်းက မြန်မာပြည်မှ ရုပ်ရှင် ချစ်ပရိသတ်များ နိုင်ငံတကာတွေမှာလို ခေတ်မီမီ၊ အဆင့်မြင့်မြင့် 3D ရုပ်ရှင်ကားများ ကြည့်ရှုနိုင်စေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ပေးထားတာဖြစ်ကြောင်း 3D ရုပ်ရှင်ရုံကို ခမ်းနားတဲ့ အပြင်အဆင်၊ အကောင်းဆုံး ရုပ်သံ အရည်အသွေး၊ သက်သောင့်သက်သာရှိတဲ့ ထိုင်ခုံများနဲ့ ရုပ်ရှင်ရသကို အများနဲ့မတူ ခံစားလို့ရအောင် ဖွင့်လှစ်ပေးထားတာ ဖြစ်ပါတယ်။ အသံစနစ်ကိုလည်း နိုင်ငံတကာ အဆင့်မီ Digital Dolby Surround ပတ်လည်အသံစနစ် Silver Screen ပိတ်ကား ထည့်သွင်းပေးထားခြင်းကြောင့် အရုပ်အသံ အရည်အသွေးကို အပြည့်အ၀ ခံစားရမှာ ဖြစ်ပါတယ်။ ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ကမ္ဘာကျော်ကြယ်ပွင့် ဘောလိဝုဒ်မင်းသား ရှာရွတ်ခန်းရဲ့ ပထမဆုံး 3D ဇာတ်ကားဖြစ်တဲ့ Ra One ဇာတ်ကားကို ပြသပေးခဲ့ပြီး မြန်မာရုပ်ရှင်ကား နမူနာများနဲ့ နိုင်ငံခြားကားများ တချို့ရဲ့ နမူနာများကိုလည်း ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အစမ်း ပြသပေးခဲ့ပါတယ်။ Junction Cineplex 3D ရုပ်ရှင်ရုံမှာ ဇာတ်ကားများကို မနက် ၁၀ နာရီ၊ မွန်းလွဲ ၁ နာရီ၊ ညနေ ၄ နာရီ၊ ည ၇ နာရီ၊ တနေ့ လေးပွဲနဲ့ စနေ၊ တနင်္ဂနွေနေ့များမှာ ည ၉ နာရီခွဲပွဲကိုပါ ထည့်သွင်း ပြသပေးသွားမယ်လို့ သိရပါတယ်။ လက်မှတ်ဈေးနှုန်းများကိုတော့ ၂,၀၀၀၊ ၃,၀၀၀၊ ၃,၅၀၀ နဲ့ ၉,၀၀၀ ကျပ် အသီးသီး သတ်မှတ်ထားပြီး ကြိုတင်လက်မှတ် မှာယူလိုပါက Junction Square, Junction Cineplex ရှိ ဖုန်းနံပါတ် ၀၁ - ၅၂၇ ၀၅၅ သို့ ဆက်သွယ် မှာယူနိုင်ကြောင်း သိရပါတယ်။
ရုပ်ရှင် - Junction Square 3D ရုပ်ရှင်ရုံ ဖွင့်ပွဲ - Apr 25 2012 04:10 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

