အလှူငွေ ၁၇ သိန်းကျော် ရရှိတဲ့ ပရဟိတ သံစဉ်များ ဖျော်ဖြေပွဲ
အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၁၊ စာမျက်နှာ ၁၂ မှ
Dagon Charity Music Tour ပရဟိတ သံစဉ်များ ဂီတဖျော်ဖြေပွဲကို ၂၀၁၂ မတ်လ ၃၀ ရက် ညနေ ၃ နာရီက ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ပြုလုပ်ခဲ့ပါတယ်။ ပရဟိတ သံစဉ်များ အစီအစဉ်အတွက် ဒဂုံကုမ္ပဏီက ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။ ပရဟိတ သံစဉ်များ ဖျော်ဖြေပွဲကို ကိုသားထွေး၊ ကိုရန်ဓနနဲ့ ကိုကျော်စိုးဝင်း (PAT: X Myanmar Group ) တို့က စီစဉ်ခဲ့တာ ပါ။ ပရဟိတ သံစဉ်များ အစီအစဉ်အနေနဲ့ရော ဒဂုံ ဖျော်ဖြေပွဲအနေနဲ့ပါ ၂၀၁၁ အောက်တိုဘာကစပြီး ၂၀၁၂ မတ်လ အထိ ၉ ပွဲ စီစဉ်နိုင်ခဲ့တယ်လို့ စီစဉ်သူ ရန်ဓနက ဆိုပါတယ်။ မတ်လ ၃၀ ရက်နေ့က ပွဲမှာ ဂီတ အနုပညာရှင်များက မေတ္တာနဲ့ လာရောက် ဖျော်ဖြေပေးကြပြီး ဒဂုံဖျော်ဖြေပွဲအနေနဲ့ ဒီနှစ်အတွက် နောက်ဆုံး ဖျော်ဖြေပွဲလည်း ဖြစ်ပါတယ်။ အဲဒီနေ့က ပြုလုပ်တဲ့ ဖျော်ဖြေပွဲက ၀င်ကြေး အခမဲ့ဖြစ်ပြီး ပွဲမှာ ကောက်ခံ ရရှိတဲ့ အလှူငွေများကို ရွှေပြည်သာမြို့ရှိ မေတ္တာရွှေပြည် နာရေး ကူညီမှုအသင်း၊ အင်းစိန်မြို့နယ်ရှိ စိန်ရတနာ နာရေးကူညီမှုအသင်း၊ မကွေးမြို့ ကရုဏာရှင် လူမှုကူညီရေးအသင်း၊ မန္တလေးမြို့ သုဂတိမဂ္ဂ လူမှုကူညီရေးနဲ့ ကမ်းလက် (သဘာဝ ဘေးအန္တရာယ် အသိပညာပေးရေးနဲ့ အကူအညီပေးရေး) အသင်းတို့ကို ခွဲဝေ လှူဒါန်းဖို့ စီစဉ်ခဲ့တာပါ။
မတ်လ ၃၀ ရက် ဖျော်ဖြေပွဲမှာ အလှူငွေ ကျပ် ၁၇ သိန်း တသောင်း ရရှိခဲ့ပါတယ်။ ကမ်းလက် (သဘာဝ ဘေးအန္တရာယ် အသိပညာပေးရေးနဲ့ အကူအညီပေးရေး) အသင်းကို ကျပ် ၉ သိန်း တသောင်း လှူဒါန်းနိုင်ခဲ့ပြီး ကျန်တဲ့ အသင်း လေးသင်းကိုတော့ ကျပ် ၂ သိန်းစီ လှူဒါန်းနိုင်ခဲ့တယ်လို့ စီစဉ်သူ ရန်ဓနက ဆိုပါတယ်။ ပရဟိတ သံစဉ်များ ဂီတ ဖျော်ဖြေပွဲက ရရှိတဲ့ ငွေများကို ဆည်းဆာရိပ် ဘိုးဘွား ရိပ်သာ၊ မန္တလေးရှိ ချမ်းမြသုခ အိမ်တိုင်ရာရောက် ဘိုးဘွားစောင့်ရှောက်ရေး၊ ပခုက္ကူ ရေဘေးစတဲ့ နေရာများကို လှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ပွဲအားလုံးပေါင်းကနေ အလှူငွေ ကျပ် တထောင့် ရှစ်ဆယ့် ခြောက်သိန်းကျော် ရရှိပြီး လှူဒါန်းနိုင်ခဲ့တယ်လို့ စီစဉ်သူ ရန်ဓနက ဆိုပါတယ်။ နောင်နှစ်များမှာလည်း အခုလို ဖျော်ဖြေပွဲတွေ ဆက်လုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အနုပညာ - ပရဟိတ သံစဉ်များ ဖျော်ဖြေပွဲ - Apr 26 2012 11:12 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

