မျိုးကြီးရဲ့ ”ဆေးပေးပါ” သီချင်း ဗီစီဒီ ရိုက်ကူး
အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၁၊ စာမျက်နှာ ၂၃ မှ
မျိုးကြီးရဲ့ ယူလိုက် ( Take It ) စီးရီးအတွက် MTV ရိုက်ကူးမှုများ ပြီးတော့မယ်လို့ သိရပါတယ်။ စီးရီးထဲက သီချင်းတပုဒ်ပဲ ရိုက်ကူးဖို့ ကျန်တာဖြစ်ပြီး ဆေးပေးပါ သီချင်းကို မတ်လ ၃၁ ရက်နေ့က ရိုက်ကူးတာပါ။ ဆေးပေးပါ သီချင်းကို တေးရေး စံပီးက ဒါရိုက်တာအဖြစ် ရိုက်ကူးပေးတာဖြစ်ပြီး Iron Cross တီးဝိုင်းရဲ့ တီးခတ်မှု၊ မျိုးကြီးရဲ့ သီဆိုမှုများနဲ့ ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ယူလိုက် MTV အတွက် ဒါရိုက်တာ ၀ဏ္ဏခွာနီး၊ မောင်မောင်သန်း၊ စိန်လင်း (ပြင်ဦးလွင်)နဲ့ စံပီးတို့က ဒါရိုက်တာအဖြစ် ရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပြီး အောင်ရဲလင်း၊ ရဲတိုက်၊ မာန်ပြည့်၊ ဖွေးဖွေး၊ အွန်ဆိုင်းစတဲ့ သရုပ်ဆောင်များလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ Iron Cross တီးဝိုင်းနဲ့ မျိုးကြီးတို့ရဲ့ သီဆိုမှု ပုံစံများလည်း ပါဝင်တဲ့ ယူလိုက် MTV ကို ငွေဆောင်၊ ပြင်ဦးလွင်၊ ရန်ကုန်နဲ့ စင်ကာပူတို့မှာ ရိုက်ကူးထားတာပါ။ လက်ခံပေးပါ သီချင်းကို ဒါရိုက်တာ ၀ဏ္ဏခွာနီးက မျိုးကြီးရဲ့ သရုပ်ဆောင်မှုနဲ့ စင်ကာပူမှာ ရိုက်ကူးတာဖြစ်တယ်လို့ သိရပါတယ်။ ယူလိုက် MTV ကို ၂၀၁၂ ဇူလိုင်လလောက်မှာ ထွက်နိုင်ဖို့ မှန်းထားတယ်လို့ သိရပါတယ်။
အဆိုတော် - မျိုးကြီး ဆေးပေးပါ သီချင်း ဗီစီဒီ - Apr 26 2012 11:15 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

