ဟန်းနီးမွန်း ထွက်သွားတဲ့ သဇင်
အလင်းတန်းဂျာနယ် အမှတ် ၇၀၂၊ စာမျက်နှာ ၁၀ မှ
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ မင်္ဂလာ လက်မှတ်ရေးထိုးခဲ့တဲ့ သက်နိုင်အောင်ဇေယျနဲ့ သဇင်တို့ မင်္ဂလာ ဧည့်ခံပွဲ ပြီးပြီးချင်းမှာ အလုပ်တွေ မအားလပ်တာကြောင့် ဟန်းနီးမွန်းခရီး မထွက်ဖြစ်ခဲ့ပါဘူး။ အလုပ်တွေ အားတဲ့ ဧပြီ ၁၉ ရက်မှာတော့ ဟန်းနီးမွန်း ခရီးအဖြစ် ဒူဘိုင်းကို ထွက်ခွာသွားခဲ့ပါတယ်။ ဒူဘိုင်းကို ပထမဆုံး ရောက်တာဖြစ်တဲ့အတွက် နေရာ တော်တော်များများကို သွားရောက် လည်ပတ်ဖြစ်တယ်လို့ သိရပါတယ်။ သဇင်တို့ ဇနီးမောင်နှံက Jumeirah Hotel မှာ တည်းခိုတာပေါ။ ဒူဘိုင်းက သဲကန္တာရတခုကို သွားလည်တဲ့ နေ့က သဇင်တို့ စီးလားတဲ့ ကားက သဲချောက်ထဲကို ကားခေါင်း ဇောက်ထိုး ကျသွားတာကြောင့် အခြား ခရီးသွားတွေက ကူညီပေးခဲ့ကြတယ်လို့ သဇင်က မေးလ်ကနေတဆင့် အတွေ့အကြုံအချို့ ပြောပြခဲ့ပါတယ်။ သဲတွေက နူးညံ့တာကြောင့် စိတ်ဝင်စားဖို့ ကောင်းသလို ပျော်ဖို့လည်း ကောင်းတယ်လို့ဆိုတဲ့ သဇင်က ကုလားအုတ် (Camel) စီးတာကို အရမ်းသဘောကျခဲ့ရပါတယ်တဲ့။ ကုလားအုတ် (Camel) တွေက Spit (တံတွေး ထွေး) တာကြောင့် ကုလားအုတ် (Camel) ပါးစပ် ပိတ်ထားတဲ့ ပုံနဲ့ စီးနေတဲ့ ပုံကို ပရိသတ်တွေ ကြည့်နိုင်ဖို့ မေးလ်ကနေ ပို့ပေးထားပါတယ်။ ဟန်းနီးမွန်းခရီးအဖြစ် သွားတဲ့ ဒူဘိုင်းကနေ မေလဆန်းမှာ ပြန်လည် ရောက်ရှိလာမှာ ဖြစ်တယ်လို့ သဇင်က ဆိုပါသေးတယ်။
အဆိုတော် - သဇင် ဟန်းနီးမွန်း ဒူဘိုင်း - May 3 2012 02:31 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012

