ဦးအောင်သိန်းလင်းအား ပါတီ ဗဟိုအလုပ်အမှုဆောင် ဆုံးဖြတ်ချက်နဲ့ အရေးယူရန် ထင်မြင် ယူဆ
https://www.facebook.com
Southern Weekend (China) သတင်းစာအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်သိန်းလင်း ပြောကြားခဲ့မှုများဟာ ပါတီစည်းကမ်းနဲ့ ငြိစွန်းပြီး ပါတီအပေါ် ပြည်သူရဲ့ အမြင် ထိခိုက်မှု ရှိကြောင်း၊ ထို ပြောကြားမှုများအတွက် ဦးအောင်သိန်းလင်းတွင် တာဝန်ရှိတဲ့အတွက် ဦးအောင်သိန်းလင်းအား ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပါတီစည်းကမ်းအရ လိုအပ်သလို အရေးယူရန် ထင်မြင်ယူဆကြောင်း ထိုကိစ္စနဲ့ ပတ်သက်တဲ့ အစီရင်ခံစာဆိုင်ရာ မြတ်ခိုင်ရဲ့ ဖေ့စ်ဘွတ် ဖော်ပြမှုတွင် ရေးသားထားပါတယ်။
ထို ဖော်ပြချက်အရ ဦးအောင်သိန်းလင်းရဲ့ ပြောကြားချက်များဟာ ရန်ကုန်ကို တရုပ် မျက်စိကုအဖွဲ့နဲ့ လိုက်ပါလာတဲ့ Southern Weekend (China) သတင်းထောက်နဲ့ စားရင်းသောက်ရင်း အလွတ်သဘော ပြောခဲ့တာကို ထို သတင်းထောက်က ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ သို့သော်လည်း အလွတ်သဘော ပြောကြားခဲ့တာလား၊ မေးမြန်းမှုကို ဖြေကြားတာလား၊ ပြောဆိုမှုကို သတင်းထောက်က မှတ်တမ်းယူထားခြင်းအား ဦးအောင်သိန်းလင်း သိသလား စတဲ့အချက်များကိုတော့ ရေးသားထားတာ မတွေ့ရပါ။
ဦးအောင်သိန်းလင်းရဲ့ ပြောကြားချက်များတွင် “ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုလည်း မယုံဘူး။ ကုလသမဂ္ဂ ကိုလည်း မယုံဘူး။ (ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူများ ထောက်ခံအားပေးခြင်းမှာ) လူတွေက Crazy ဖြစ်နေကြတာပါ။ လူကြိုက်များရခြင်းမှာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဖြစ်လို့ပါ။ မြစ်ဆုံဆည်ကို မဖြစ်မနေ ပြန်လည် တည်ဆောက်ရမည်။“ စတဲ့ အချက်များ ပါရှိကြောင်း သိရပါတယ်။
ထိုကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့အနေနဲ့ အလဲဗဲန်း၊ မော်နီတာ၊ သံတော်ဆင့် ဂျာနယ်များက တာဝန်ရှိသူများနဲ့ တွေ့ဆုံခဲ့သလို ဦးအောင်သိန်းလင်းထံမှလည်း ထွက်ဆိုချက် ရယူခဲ့ပါတယ်။ စုံစမ်းရေး အဖွဲ့တွင် ဥက္ကဋ္ဌ ဦးတင်ထွတ်၊ အဖွဲ့ဝင်များအဖြစ် သူရ ဦးအေးမြင့်၊ ဦးသိန်းဆွေတို့ ပါဝင်ပြီး ဦးအောင်သိန်းလင်းရဲ့ ပြောကြားချက်များဟာ အမှန်တကယ် ပြောကြားချက်များအတိုင်း ဖော်ပြထားခြင်း ဟုတ်/မဟုတ် ၊ ပြောကြားချက်များဟာ ပါတီစည်းကမ်းနဲ့ ငြိစွန်းတဲ့အချက်များ ပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ခြင်း ဖြစ်ပါတယ်။
ထို အစီရင်ခံစာအရ ဦးအောင်သိန်းလင်း ပြောကြားခဲ့မှုများဟာ ပါတီစည်းကမ်းနဲ့ ညိစွန်းပြီး ပါတီအပေါ် ပြည်သူရဲ့ အမြင် ထိခိုက်မှု ရှိကြောင်း၊ ထို ပြောကြားမှုများအတွက် ဦးအောင်သိန်းလင်းတွင် တာဝန်ရှိတဲ့အတွက် ဦးအောင်သိန်းလင်းအား ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပါတီစည်းကမ်းအရ လိုအပ်သလို အရေးယူရန် ထင်မြင်ယူဆကြောင်း ထိုကိစ္စနဲ့ ပတ်သက်တဲ့ အစီရင်ခံစာဆိုင်ရာ မြတ်ခိုင်ရဲ့ ဖေ့စ်ဘွတ် ဖော်ပြမှုတွင် ရေးသားထားပါတယ်။
ကိုးကား - မြတ်ခိုင်ရဲ့ ဖေ့စ်ဘွတ်
သတင်း - ဦးအောင်သိန်းလင်း - Aug 17 2012 01:57 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
