ပွဲပြီး မီးသေ
ပွဲပြီး မီးသေ - ကျော်ဟုန်း (သရုပ်ဖော် - မြင့်လှိုင်)
ဘဝမောတွေနဲ့  အိပ်ငိုက်နေတဲ့ ပရိသတ်တွေ
ပတ်စာခွာ ဖျာသိမ်းဖို့  အချိန်ရောက်နေလဲ
ကန့် လန့် ကာကြီးက ပင့်တင်ထားတုန်း
သွေးပြာလူက မင်းသား။ ညတွေကို ဘရိတ်ဓားနဲ့  ပါးပါးလှီးပြီး
ည ကို ည ပွား
ည ပွားတွေနဲ့  အမှောင်ရှည်ဖို့ ၊ ပွဲဆက်ဖို့ ကြိုးစား
ကိုယ်လင်းဖို့ တခြားဘဝတွေ အမှောင် ချချင်သူ
ဖြစ်နိုင်ရင် နေမီးခဲကြီးတောင်
သမုဒ္ဒရာထဲ ဆွဲနှစ် ညအတိ ပြီးစေလေမလား မသိ။ အများတကာရဲ့
မျက်ရည်စက်တွေကို အားဆေးသဖွယ် သောက်
ချွေးစက်တွေကို ဘယဆေး ဖော်သောက်တဲ့
သွေးပြာလူတန်းစားဆိုတာ
“ဖက်ဆီအိုလာ” ထက် အန္တရာယ် ကြီးတယ်။ လက်ကစား ကျွမ်းသူရဲ့ ချိန်ခွင်ကို
သမာဓိ အမည်တပ်တာ
သဘော မတူနိုင်ဘူး။ လက်လှည့်ကျွမ်းသူရဲ့ မျက်လှည့်ဟာ
အစစ်မဟုတ်မှန်း သိသားနဲ့ 
ရုံဝင်ခ ငွေပေးပြီးများ ကြည့်ရတယ်လို့ (အံ့ရော) အမှောင်နဲ့ အလင်း တွဲထားတဲ့ လောကမှာ
အလင်းနဲ့ အမှောင် တလှည့်စီ ဖြစ်တည်လဲ
နေ့ သစ်များစွာအတွက်
စစ်ခင်းနေရတဲ့ နေ့ တဓူဝ
ဒါကိုများ ဘဝဟု ခေါ်လေသလား။ ဘဝကို မျှောထားရင် ဘဝတွေ မောသွားမယ်
တခန်းရပ် ဇာတ်နာတွေကို ရပ်နား
ငိုက်မည်းနေဆဲ မျက်လုံးတွေကို ရေအေးနဲ့ ပက်
အာရုဏ်ဦးနဲ့ ကြည်မွေ့ရအောင်
မျက်နှာတွေကို လိပ်တင်ထားကြ။ ကျော်ဟုန်း

ခံစားချက် - ပွဲပြီး မီးသေ ကျော်ဟုန်း - May 31 2012 03:13 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ကျော်ဟုန်း ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012